University of Medicine, Mandalay
Interim Council
University of Medicine, Mandalay
Interim Council
University of Medicine,Mandalay
Interim Council
Previous
Next

About UMM Online Campus

ဆေးတက္ကသိုလ်-မန္တလေး ကြားကာလယာယီတက္ကသိုလ်ကောင်စီကို ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားကိုယ်စားလှယ်များ၊ ဝန်ဌာန်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က နာယကအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ကြားကာလ ယာယီတက္ကသိုလ်ကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရက ဆေးတက္ကသိုလ်-မန္တလေးကို စီမံခန့်ခွဲသည့် အဖွဲ့အစည်း အဖြစ်  တရားဝင်အသိအမှတ်ပြုထားပြီး တက္ကသိုလ်ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ဖြင့် စီမံခန့်ခွဲလျက် ရှိသည်။ ကြားကာလယာယီတက္ကသိုလ်ကောင်စီ၏ အခြေခံလုပ်ငန်းစဉ် (၃)ရပ်အဖြစ် CDM ဆရာနှင့်ဝန်ထမ်းများ ထောက်ပံ့ကူညီရေး၊ ကြားကာလပညာရေးဖော်ဆောင်ရေးနှင့် အနာဂါတ်ပညာရေးအတွက် အခြေခံအုပ်မြစ်များ ချမှတ်နိုင်ရေးတို့ပါဝင်သည်။ ကြားကာလပညာရေးအစီအစဉ်သည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားသော ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) မဆုံးရှုံးစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။

မျှော်ရည်ချက်(Vision)
ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားကျောင်းသူများအားလုံး၏ စဉ်ဆက်မပြတ် သင်ကြားသင်ယူရေးကို အထောက်အပံ့ပေးနိုင်ပြီး တော်လှန်ရေးကာလအရေးပေါ်အခြေအနေများတွင် ဆေးပညာဖြင့် အထောက်အကူပေးနိုင်သည့် ပညာရေးရပ်ဝန်းတစ်ခု ဖော်ဆောင်ရန်။ ဦးတည်ချက် (Mission) ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားကျောင်းသူများအတွက် တော်လှန်ရေးကာလနှင့် လိုက်လျောညီထွေ ဖြစ်သည့် သင်ကြားသင်ယူမှုများကို Onlineသင်ကြားသင်ယူမှုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်။
ဦးတည်ချက် (Mission)
ဆေးတက္ကသိုလ်-မန္တလေးကျောင်းသားကျောင်းသူများအတွက် တော်လှန်‌ရေးကာလနှင့် လိုက်လျောညီထွေ ဖြစ်သည့် သင်ကြားသင်ယူမှုများကို Onlineသင်ကြားသင်ယူမှုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်။
တန်ဖိုးထားမှုများ (Values)
ကြားကာလပညာရေးအစီအစဉ်ကို ဆောင်ရွက်ရာတွင် (၁) ပညာရပ်ဆိုင်ရာလွတ်လပ်မှု (Academic Freedom) (၂) အားလုံးပါဝင်နိုင်မှု (Inclusiveness) (၃) မျှတမှု (Fairness) (၄) တရားမျှတမှု (Justice) (၅) ဒီမိုကရေစီ (Democracy) တို့ကို တက္ကသိုလ်၏ အဓိကတန်ဖိုးထားမှုများအဖြစ်သတ်မှတ်သည်။
ရည်ရွယ်ချက်များ
ကြားကာလပညာရေးအစီအစဉ်၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (၁) အတန်းအသီးသီးအတွက် တော်လှန်ရေးကာလနှင့် လိုက်လျောညီထွေဖြစ်သော သင်ရိုးများရေးဆွဲရန် (၂) လုံခြုံစိတ်ချရပြီး စနစ်တကျစီမံခန့်ခွဲနိုင်သော သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System) ကို ထူထောင်ရန် (၃) အွန်လိုင်းမှတစ်ဆင့် သင်ကြားသင်ယူရေးလုပ်ငန်းများ ဖော်ဆောင်ရန်။
တော်လှန်ရေးကာလနှင့်လိုက်လျောညီထွေဖြစ်သောသင်ရိုး
အတန်းအလိုက် သင်ရိုးများကို ရေးဆွဲရာတွင် နဂိုမူလသင်ရိုးများမှ မသိမဖြစ် အရေးပါသော ခေါင်းစဉ်များကို ဦးစားပေးသင်ကြားနိုင်ရန် ဦးတည်မည်ဖြစ်ပြီး တော်လှန်ရေးကာလအရေးပေါ်အခြေအနေများတွင် လူနာများကို ကူညီကယ်တင်နိုင်မည့် အခြေခံကျသော သင်ခန်းစာခေါင်းစဉ်များအပါအဝင် တော်လှန်ရေးကာလအတွက်၊ ဆရာဝန်ဘဝအတွက် အကျိုးရှိစေမည့် သင်ခန်းစာများကိုပါ ထည့်သွင်းရေးဆွဲသင်ကြားသွားမည်ဖြစ်သည်။
လုံခြုံစိတ်ချရသော ပညာသင်ကြားရေးရပ်ဝန်း
တော်လှန်ရေးကာလအတွင်းတွင် စစ်အာဏာရှင်၏ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး ကြားကာလပညာရေးအစီအစဉ်ကို ဖော်ဆောင်ကြရာ၌ ဤအစီအစဉ်တွင် ပါဝင်မည့် CDMဆရာများ၊ ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးသည် အရေးပါသော အချက်ဖြစ်သည်။ ထို့ကြောင့် ကြားကာလပညာရေးအစီအစဉ်တွင် ပါဝင်တက်ရောက်မည့် ကျောင်းသားကျောင်းသူများကို စနစ်တကျစစ်ဆေးအတည်ပြုနိုင်သည့် enrolment စနစ်ကို ထားရှိမည်ဖြစ်ပြီး စစ်ဆေးအတည်ပြုပြီးပါက မလိုအပ်တော့သော အချက်အလက်များကို တစ်ပါတည်း ဖျက်ဆီးပစ်ရန်လည်း စီစဉ်သွားမည်ဖြစ်သည်။ သို့မှသာ တက်ရောက်သော ကျောင်းသားကျောင်းသူများသည်လည်း တစ်ဦးနှင့်တစ်ဦး ယုံမှား သံသယကင်းကင်းနှင့် လုံခြုံစိတ်ချစွာ သင်ကြားနိုင်မည်ဖြစ်ပြီး CDMဆရာများသည်လည်း သင်ကြားရေးလုပ်ငန်းများကို စိတ်ချလက်ချဆောင်ရွက်နိုင်မည်ဖြစ်သည်။
စနစ်တကျစီမံခန့်ခွဲနိုင်သော သင်ကြားသင်ယူမှု စီမံခန့်ခွဲရေးစနစ်
ကြားကာလပညာရေးအစီအစဉ်အတွက် Moodle Learning Management System (LMS) ကို အသုံးပြုကာ သင်ကြားသင်ယူရေးလုပ်ငန်းများကို စီမံခန့်ခွဲသွားမည်ဖြစ်သည်။ LMSကို အသုံးပြုခြင်းဖြင့် တက္ကသိုလ်တစ်ခုလုံး၏ သင်ကြားသင်ယူမှု အခြေအနေ၊ အတန်းအလိုက် အခြေအနေ၊ ဘာသာရပ်အလိုက်အခြေအနေများနှင့် ကျောင်းသားကျောင်းသူတစ်ယောက်ချင်းစီ၏ သင်ကြားသင်ယူမှု အခြေအနေများကို စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး၊ ကျောင်းသားကိုယ်တိုင်သည်လည်း မိမိ၏ သင်ကြားသင်ယူရေးလုပ်ငန်းစဉ်ကို ရှင်းလင်းစွာသိမြင်နိုင်မည်ဖြစ်သည်။ Moodle LMS တွင် ကျောင်းသားတစ်ဦးချင်းစီသည် မိမိ၏ ကိုယ်ပိုင် account နှင့် password များကို အသုံးပြုကာ ဝင်ရောက်ရပြီး ဗွီဒီယိုပို့ချချက်များ၊ ဖတ်စရာများ အစရှိသည့် သင်ကြားရေးပစ္စည်းများကို ရယူနိုင်ပြီး အတန်းအလိုက် ဘာသာရပ်အလိုက် အချိန်ဇယားများ၊ အသိပေးအကြောင်းကြားမှု များကို ရရှိမည်ဖြစ်သည်။ ထို့အတူ ဆရာသည်လည်း ကိုယ်ပိုင် account Passwordဖြင့် မိမိသင်ကြားရမည့် အတန်းနှင့် ဘာသာရပ်များကို စီမံခန့်ခွဲနိုင်သည်။ ကျောင်းသားနှင့် ဆရာကြားအပြန်အလှန် ဆွေးနွေးမေးမြန်းချင်းများကို လည်း LMS စနစ်အတွင်းတွင်ပင် ဆောင်ရွက်နိုင်သည်။
သင်ကြားသင်ယူမှုပုံစံ
ဘာသာရပ်အလိုက် ဖတ်ရှုရမည့် သင်ခန်းစာများ၊ ကြည့်ရှုရမည့် ဗွီဒီယို ပို့ချချက်များကို ပံ့ပိုးပေးထားပြီး ကျောင်းသားက မိမိပေးနိုင်သည့် အချိန်ပေါ်တွင် မူတည်၍ ကိုယ်တိုင်လေ့လာရမည့် သင်ယူမှုပုံစံနှင့် ဆရာနှင့်အတူ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးသင်ကြားရမည့် သင်ယူမှုပုံစံကို တွဲဖက်အသုံးပြုသွားမည်ဖြစ်သည်။ ဆရာနှင့် အတူ ဆွေးနွေးရသည့် အချိန်များကို တိုက်ရိုက်ကြည့်ရှုရန် အခက်အခဲရှိသည့် ကျောင်းသားများအတွက်လည်း ဆွေးနွေးမှု မှတ်တမ်းများကို ပြန်လည်ကြည့်ရှုပြီး ဆွေးနွေးရန်များရှိပါက မေးခွန်းများ မေးမြန်းနိုင်ရန်လည်း စီစဉ်ပေးထားမည်ဖြစ်သည်။
Previous
Next

Visit the Online Campus Website Now!

Contact Us

Contact us via Signal
Signal no: +959965245809
Official Email
office@ummuniversitycouncil.org
Copyright © 2022 - UMM University Council
Developed by Tech Team, University of Medicine, Mandalay
Previous
Next